ချယ်ရီပန်းပွဲတော်ကို ဒုတိယအကြိမ်အဖြစ် ကျိုင်းတုံမြို့မှာ ၅ရက်ကြာကျင်းပမယ်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ လွယ်မွေ ဒေသ မှာ ချယ်ရီပန်းပွဲတော် ကိုဒုတိယအကြိမ်အဖြစ် ၅ရက်ကြာကျင်းပသွားမယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနကနေသိရပါတယ်။

ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နဲ့ ချယ်ရီပန်းများကိုရေရှည်ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ကာချယ်ရီပန်းပွင့်ရာသီတွင်ရှမ်းပြည်နယ်အရှေ့ပိုင်းလွယ်မွေ ဒေသမှာ ချယ်ရီပန်းပွဲတော်ကိုကျင်းပတာဖြစ်ပြီးဇန်နဝါရီ၁၉ရက်ကနေ ၂၃ရက်အထိ ပန်းပွဲတော်ကို ဒုတိယအကြိမ်ကျင်းပတာဖြစ်ပါတယ်။