ကုသရေးဦးစီးဌာနက လစ်လပ်ရာထူး‌နေရာမှာတာဝန်ထမ်းဆောင်ဖို့ ခေါ်ယူ

ကျန်းမာရေးဝန်ကြီး ဌာန လက်အောက်က ကုသရေးဦးစီးဌာနမှာ လစ်လပ်သွားတဲ့ ရာထူးနေရာ အယောက်၂၀၀ စာအတွက် ဆရာဝန် ဘွဲရရှိထားသူများ ကို လျှောက်လွှာခေါ်ယူနေကြောင်း ထုတိပြန်ထားပါတယ်။

အဆိုပါ ကုသရေးဦးစီးဌာန အတွက် လစ်လပ်ဆရာဝန် ရာထူးနေရာတွေက ဆရာဝန်သစ်လွင် ဆေးပညာဘွဲ့(M.B.B.S)ဘွဲ့ရ အယောက်၁၈၀နဲ့ ဆရာဝန်(သွားနှင့်ခံတွင်း) သွာဘက်ဆိုင်ရာဆေးပညာဘွဲရ (B.D.S)ဘွဲ့အတွက် အယောက်၂၀ စာ ရာထူးနေရာမှာ လိုအပ်ချက်ရှိနေတယ်လို့ဆိုပါတယ်။

ဆရာဝန် ရာထူးလစ်လပ်နေရာ မှာလျှောက်ထား လိုတဲ့ ဆေးပညာဘွဲရ တွေအနေနဲ့ ယခုနှစ်ဇန်နဝါရီ ၂၇ရက် မှာ ၃၅နှစ်ထက် အသက်မကျော်လွန်သူဖြစ်ဖို့လိုအပ်ကာ သက်တမ်းမကုန်ဆုံးသေးတဲ့ ဆေးကုသခွင့်လိုင်စင်ကိုင်ဆောင်ထားသူဖြစ်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။