အိမ်နီးချင်းနိုင်ငံများတွင် အပူချိန်မြင့်မားလာမှုအန္တရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေ

၂၀၂၄ ခုနှစ် ခြောက်သွေ့ရာသီဥတုအတွင်း ရာသီဥတု အလွန်အမင်းပူပြင်းပြီး အပူချိန်များမြင့်တက်လျက်ရှိခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားတွင် အပူချိန်မြင့်မားလာမှုအန္တရာယ်များဖြင့် ရင်ဆိုင် ကြုံတွေ့ရလျက်ရှိပါတယ်။

အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အပူလှိုင်းဖြတ်မှုကြောင့် အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးခဲ့မှုများ ရှိခဲ့ပါတယ်။

လတ်တလောတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အပူလှိုင်းဖြတ်မှုနှင့် ရင်ဆိုင်နေရကာ အပူချိန်များလည်း လွန်စွာမြင့်တက်လျက်ရှိတဲ့အတွက် နိုင်ငံအတွင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများအားလုံးကို ဧပြီလ ၂၉ ရက်မှ မေလ ၂ ရက်အထိ ပိတ်ထားဖို့ အစိုးရက ညွှန်ကြားထားကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာလည်း နှစ်ပေါင်း ၁၇၀ အမြင့်ဆုံးအပူချိန်စံချိန်တင်ရောက်ရှိခဲ့ပြီး နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်အထက် မြင့်မားနေသဖြင့် အစိုးရကျောင်းများကို ပုံမှန်စာသင်ချိန်ထက် နှစ်နာရီလျှော့ချဖို ကမ္ဘောဒီးယားအစိုးရက အမိန့်ထုတ်ပြန်ထားကြောင်း သိရပါတယ်။

#ခင်ညိုချော