လက်နက်မှောင်ခိုပြုလုပ်နေသည့် သံသယရှိသူ ၉၆၆ဦးထိ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံအတွင်း ရဲတပ်ဖွဲ့ဝင်များ က ယခုလ ဇူလိုင် ၁ ရက်နေ့က စတင်ခဲ့တဲ့ တလကြာ တရားမဝင် သေနတ် နှင့် ခဲယမ်းမီးကျောက် နှိမ်နင်းမှုများတွင် ထိုင်းရဲတပ်ဖွဲ့ဝင်းများက တရားမဝင် သေနတ်နဲ့ ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၉၆၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် တိုရတ်ဆွတ်ဝီ မိုလ်က ယနေ့ ဇူလိုင် ၂၃ရက် တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“Khote-siang V.7” အမည်ရှိသော သေနတ်ရောင်း ဝယ်ရေးအုပ်စုကို တစ်လကြာ စုံစမ်းမှုများပြုလုပ်ပြီးနောက် ပြီးခဲ့သည့် ဇူလိုင် ၂၁ရက် သောကြာနေ့က ဘန်ကောက်မြို့ရှိ Pathum Thani ၊ Nakhon Si ဧရိယာများအနီးနှင့် Thammarat မြို့ရှိ နေရာလေးခုတွင် သံသယရှိသူများကို တပြိုင်နက်တည်း စီးနင်းဖမ်းဆီးရ မိခဲ့ကြောင်းလည်း ထိုင်းနိုင်ငံ စစ်တပ်မှူး ဗိုလ်ချုပ် Ahip Pongsiwapai က ထုတ်ပြန်ကြေညာထားပြီးလည်းဖြစ်ပါတယ်။

အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၃၀၀ ကျော်နီးပါရှိပြီး လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဘတ်ငွေ ၁၀ သန်းခန့်ထိရောင်းဝယ်မှုများ ရှိလာခဲ့ပြီး ဖောက်သည်အများစုမှာ ဘန်ကောက်မြို့ နှင့် အနီးနား ပြည်နယ်များရှိ မြို့များအတွင်းနေထိုင်နေကြသော ဆယ်ကျော် သက်များဖြစ်ကြောင်း ၎င်းက ​ထပ်လောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

CRD; PAN