စယ်လန့်ကျေးရွာအနီးမှာ တပ်မတော်နဲ့ TNLA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီးမှာရှိတဲ့ နမ့်မွမ်းတံတားအနီးမှာ မြန်မာ့တပ်မတော်နဲ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

အဆိုပါတိုက်ပွဲဟာ ယနေ့ (ဇူလိုင် ၂၃ ရက်) ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်မှာ စတင်ဖြစ်ပွားခဲ့တာလို့ သိရပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေအပြင် ဗုံးပေါက်ကွဲတဲ့အသံတွေကိုလည်း ကြားနေရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ တိုက်ပွဲရဲ့ အသေးစိတ်အခြေအနေနဲ့ ထိခိုက်မှုအခြေအနေတွေကို မသိရသေးဘဲ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကားလမ်းကိုလည်း ယာယီပိတ်ထားရပြီး လမ်းဘေးမှာ ကားအချို့ ရပ်နားထားရင်း အခြေအနေကိုစောင့်ကြည့်နေရတယ်လို့ အဆိုပါသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

CRD;mhtnews