ဂါဇာ၌အပစ်အခတ်ရပ်စဲရန် မြို့ကြီးများ၌ဆန္ဒပြတောင်းဆို

ပါလက်စတိုင်းကို လိုလားသော ဆန္ဒပြသူများသည် နိုဝင်ဘာ ၄ ရက်က လန်ဒန်၊ဘာလင်၊ပါရီ၊အန်ကာရာ၊အစ္စတန်ဘူလ်နှင့်ဝါရှင်တန်တို့ တွင် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရန်တောင်းဆိုခဲ့ပြီး ဟားမတ်စ်ကိုစစ်ရေးအရပြင်းထန်စွာချေမှုန်းခဲ့သော အစ္စရေးကိုပြစ်တင်ရှုချခဲ့ကြသည်။

ဆန္ဒပြသူများသည် “ပါလက်စတိုင်းအားလွတ်လပ်ခွင့်ပေး” ၊ “ချက်ချင်းအပစ်အခတ်ရပ်စဲပါ” ၊ ” ငါတို့ သည်ပါလက်စတိုင်းပြည်သူများနှင့်တစ်သားတည်းဖြစ်သည်” ဟူသောစာတန်းများပါဝင်သည့် အလံများကိုင်ဆောင်ကာ ချီတက်ကြွေးကြော်ခဲ့ကြသည်။