စာသင်ကျောင်းကို တပ်ကလေကြောင်းတိုက်ခိုက်တယ်လို့ Mizzima မှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ရဲစခန်းနှင့် စာသင်ကျောင်းရှိရာနေရာကို နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းအချိန်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားသည်ဟု Mizzima မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** နိုဝင်ဘာလ ၄ ရက်နေ့၌ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေတဲ့ KIA/ NUG PDF အကြမ်းဖက်များရှိနေတဲ့ နေရာများကို နိုဝင်ဘာ ၄ ရက်နံနက်ပိုင်းကစပြီး တပ်မတော်ကချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Mizzima မှ ဖြစ်စဉ်အမှန်မရေးတဲ့အပြင် တပ်မတော်က အကြောင်းမဲ့ ပြည်သူလူထုကို တိုက်ခိုက်သည့်ပုံစံဖြစ်အောင် တမင်လုပ်ကြံရည်ရွယ်ပြီး အောက်တန်းကျစွာလိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။