နံရံပန်းချီရှိတဲ့ ပုဂံဘုရားစေတီရဲ့ စာရင်းကောက်ယူမယ်


ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့က ဘုရားစေတီများအတွင်း နံရံပန်းချီရှိတဲ့ ဘုရားတွေရဲ့ အသေးစိတ်အချက်အလက် dataတွေကို စာရင်းကောက်ယူပြီး အချက်အလက်စုဆောင်းသွားတော့မှာဖြစ်ကြောင်းရှေးဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ကနေသိရပါတယ်။

နံရံဆေးရေးပန်းချီလက်ရာတွေရှိတဲ့ ပုဂံကဘုရားစေတီ ပေါင်းက ၄၁၆ဆူရှိပြီး ဘုရားစေတီတွေရဲ့ အသေးစိတ်အချက်အလက် အသစ်တွေကိုလည်း ကွင်းဆင်းကော က်ယူကာ Update Data Base တည်ဆောက်ကာ မှတ်တမ်းပြုစုထားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

နံရံဆေးရေးပန်းချီတွေရှိတဲ့ ပုဂံဘုရားတွေကို စာရင်းကောက်ယူတာဟာ ဘုရားတွေ ကဆေးရေးပန်းချီတွေရဲ့ပြောင်းလဲပုံအဆင့်ဆင့်ကိုသိရှိစေနိုင်ရန်အပါအဝင်ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ရှေးဟောင်းအဆောက်အအဦးတွေမထိပဲ ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး သုတေသန ဌာနစုက အရာထမ်းအမှုထမ်းတွေက ကွင်းဆင်းစာရင်းကောက်ယူမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာလည်းပုဂံဘုရားစေတီများအတွင်းရှိကဗ္မည်းကျောက်စာတွေရဲ့အသေးစိတ်အချက်အလက်တွေကို မှတ်တမ်းတင်ကောက်ယူတာတွေလည်းဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ကနေသိရပါတယ်။