မီးပုံးပျံဖြင့် မျိုးစေ့ကြဲချသည့်နည်းလမ်းကို အသုံးပြုနေ

မျိုးစေ့များကို ချိတ်ဆွဲထည့်သွင်းကာ သတ်မှတ်အမြင့်ပေရောက်လျှင် မီးပုံးပျံဖြတ်သန်းသွားရာနေရာတစ်လျှောက် အလိုလျှောက် ကြဲချသွားစေရန်အတွက် စီမံထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် သုံးကြိမ် အထက်ပါနည်းလမ်းအတိုင်း ပုံမှန်ကြဲချသွားရန် စီစဉ်ထားခြင်းဖြစ်ကာ လိုက်ပါလာသူများကလည်း လေးခွဖြင့် သစ်စေ့ပါ မြေလုံးများကို ပစ်ခြင်းတို့ကိုလည်း ဆောင် ရွက်ကြကြောင်း သိရသည်။

“လာမယ့်နှစ် ပြန်စပါမယ်။ မိုးမကျခင် ကြဲလိုက်တော့ မိုးကြတဲ့အချိန် အမြစ်စွဲမှ အဆင်ပြေတာ။ မိုးနှောင်းမှာ ကြဲရင် Seed ball (သစ်စေ့ပါ မြေလုံး) က ရှင်ဖို့မလွယ်လို့ပါ။ မေလ တစ်လုံး၊ ဇွန်လ တစ်လုံး၊ ဇူလိုင်လ တစ်လုံး ပုံမှန် သုံးကြိမ်လွှတ်ပါတယ်။

“မီးပုံးပျံ မီးစာက တစ်လက်မကို တစ်မိနစ်နှုန်း လောင်သွားတာပေါ့။ မီးစာလောင်သွားရင် Seedball လေးတွေက ကြိုးလေးတွေ တပ်ထားတာ။ မီးဇာမှာ ချည်ထားတော့ မီးဇာမီးလောင်ရင် ကြိုးပြတ်ပြီး ကျသွားတာ။ တချို့ကတော့ လေထီးလည်း ထည့်ထားတယ်။ အလုံးရေ ၁၀၀ နဲ့ ၂၀၀ ကြား ထည့်တယ်။ အစေ့လွတ်ကိုကျတော့ စက္ကူခွက်တို ပလက်စတစ်ခွက်ကလေးတွေနဲ့ ထည့်သွားတာ။ အပေါ်ရောက်ရင် ခွက်ရဲ့ ကြိုးနှစ်စမှာ တစ်စကို မီးစာက ဖြတ်ချသွားတော့ ခွက်က သွန်ချပေးသွားတာပေါ့။ အမြင့်ပေ ပေ ၃၀၀ လောက်ဆို မျိုးစေ့တွေ ကျတယ်လို့ သိရပါတယ်။