ဘုန်းကြီးတပါးနှင့် လူ ၄ ဦး ကော်ဖီသောက်ပြီး သတိလစ်မေ့မျောမှု တာချီလိတ်တွင်ဖြစ်ပွား

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ကော်ဖီသောက်ပြီး ဘုန်းကြီးတပါးအပါအ၀င် လူ ၅ဦး သတိလစ်မေ့မျောသွားခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် ၇ နာရီအချိန်ခန့်က တာချီလိတ်မြို့၊ ကျောက်တောင်ရပ်၊ နတ်မောက်ရွှေသဌေးကုန်း
ကျောင်းတိုက်တွင် ကော်ဖီသောက်ပြီး ခဏအကြာတွင် ဘုန်းကြီးတပါးနှင့် လူ ၄ဦး သတိလစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အခုချိန်ထိ ဘုန်းကြီးတပါးနဲ့ အသက် ၃၀ ကျော်တဦးကတော့ မသက်သာသေးဘူး။ ကျန်တဲ့သူတွေကတော့ သက်သာလာပြီ။ အဲဒီကော်ဖီက တထုတ်လုံးသောက်ရတဲ့ကော်ဖီမဟုတ်ဘူး။ နိုက်ကလပ်တို့၊ KTV တို့မှာ ကခုန်တဲ့အခါ နဲနဲလေးပဲသောက်ရတာ။ ဒါကို ဆရာတော်နဲ့ သူတပည့်တွေက မသိဘဲ တထုတ်လုံးသောက်လိုက်တာ။ ဒီလိုကော်ဖီမျိုး ဘုန်းကြီးကို ဘယ်လိုလူမျိုးက လှူတာလဲမသိဘူး”ဟု ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတဦးပြောသည်။

ကောဖီသောက်ပြီး သတိလစ်သွားသူများမှာ အဆိုပါ ကျောင်းတိုက်မှ ဆရာတော် ဥူးကေလာသ သက်တော်(၅၄)နှစ်၊ ဦးပြုံးမောင် အသက်(၅၃)နှစ်၊ကိုနှင်းသန့်အောင် အသက်(၃၂)နှစ်၊ ကိုရဲကိုမျိုး (၁၉)နှစ်၊ကိုထိန်လင်ဦး အသက်(၂၇)နှစ်တို့ဖြစ်ပြီး ၎င်းတို့၅ဦးကို ဆေးဝါးကုသမှုခံယူရန်အတွက် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာချီလိတ် ပြည်သူ့ဆေးရုံးကြီးသို့ပို့ဆောင်ပေးခဲ့