ပခုက္ကူတွင် အကြမ်းဖက်များက ပြည်သူတစ်ဉီး၏နေအိမ်ကို ဓားပြတိုက်

ပခုက္ကူမြို အမှတ် (၁၅)ရပ်ကွက် အောင်သပြေ(၄) လမ်းတွင်နေထိုင်သော ဒေါ်မြင့်မြင့်ဌေး၏နေအိမ်အား
ဒီဇင်ဘာ ၇ရက်နေ့ နံနက် (၂:၀၀)ခန့်တွင် PDF ပဒက်များက ခြိမ်းခြောက်ကာ ဓားပြတိုက်လျက်ရှိကြောင်းကို
ဒေသခံများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲများက အချိန်နှင့်တပြေးညီ သွားရောက်ရှင်းလင်းခဲ့ပြီး PDF
များအား ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်တစ်ကောင် အ‌သေဖမ်းဆီးရမိပြီး (၃)ကောင်ထွက်ပြေးသွားကြပြီး
ဒေါ်မြင့်မြင့်ဌေး၏နေအိမ်မှ ငွေကျပ် ၇ သိန်း၊ ၁ မတ်သားရွှေနားကပ် ၁ ရံ၊ လက်ကိုင်ဖုန်း ၄ လုံးတိုအား
ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။