အချက်အလက်အမှားရေးသွင်းခြင်း

ပတ်ဝန်းကျင်မှာ သန်းခေါင်းစာရင်းထဲကမွေးနေ့ နဲ့ မှတ်ပုံတင်ထဲက မွေးနေ့မတူလို ပတ်ပိုလုပ်လို မရတာ ၊ အောင်လက်မှတ်ထုတ်လိုမရတာ၊ ဘွဲလက်မှတ်ထုတ်မရတာ၊ အဖေအမည်မှားနေလို ကလေးကျောင်းထားဖို သတင်းစာထဲထည့် ကြော်ငြာရတာတွေ ကြားဖူးကြမှာပါနော်…။ ဒါတွေက ပေါ့ပေါ့ဆဆနဲ့ အချက်အလက်ကို မှားသွင်းခဲ့မိလိုဖြစ်ခဲ့တဲ့ ပြသနာတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေပါ။
ကိုယ့်ရဲ့အချက်အလက်ကို စာရေးက ရေးသွင်းတယ်ဆိုတာတောင် ကိုယ်တိုင်က မှန်/မမှန် သေချာ ဂရုစိုက်ရပါတယ်။
အစိုးရထံ ရေးသွင်းတဲ့ အချက်အလက်မှားခဲ့ရင် မှားယွင်းတဲ့ အကျိုးဆက်ကိုခံစားရမှာက အချက်အလက်ရေးသွင်းတဲ့ စာရေး မဟုတ်ပါဘူးနော်။ မိမိကိုယ်တိုင် နဲ့ မိမိရဲ့ မိသားစုဝင်တွေပါ။
အစိုးရထံရောက်သွားတဲ့ သန်းခေါင်စာရင်း အချက်အလက်အမှားတွေကိုပြင်ဆင်ချင်ရင် ရုံးလုပ်ငန်းစဥ်တွေက ရှုပ်ထွေးပြီး ငွေကုန်ကြေးကျများတယ်ဆိုတာကိုလဲ သိကြမှာပါနော်။
သူများပြောတိုင်း အဆင်အခြင်မဲ့ လိုက်လုပ်ရင် ရပ်ကွက်ထဲသူများအိမ်တွေ အားလုံးမီးလင်းပြီး ကိုယ့်အိမ်တစ်အိမ်ထဲ မီတာအဖျက်အဖြတ်ခံလိုက်ရတဲ့ သူတွေကို သတိရပါနော်။
ကိုယ်ပြုတဲ့ကံက ကိုယ့်ထံပြန်လာကြမှာဖြစ်ပါတယ်။ ဒုက္ခအပေါင်းကင်းဝေးဖို ဉာဏ်နဲ့ဆင်ခြင်နိုင်ကြပါစေ။