လမ်းပြင်ပြန်လာသည့် အဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/ငယ်များ ဖြင့်ပစ်ခတ်

ဩဂုတ်လ ၂၀ ရက်တွင် ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ်သွားအာရှလမ်းမကြီးရှိ တောနော်ရေတံခွန်အနီး မြေပြိုကျသည့်နေရာ၌ ပြုပြင်မှုလုပ်ငန်းများဆောင်ရွက်ပြီး မြဝတီမြိုသို့ ပြန်လာသည့် ယန္တရားတင်ယာဥ်နှင့် Hiace ကားတို့ကို အကြမ်းဖက်သောင်းကျန်းသူ အုပ်စုတစ်ခုက လက်နက်ကြီးဖြင့်စတင်ပစ်ခတ်ပြီးနောက် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မော်တော်ယာဥ်နှစ်စီးအနက် Hiace ကားပေါ်တွင် အမျိုးသား၊ အမျိုးသမီး ၁၅ ဦးလိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကာ ကားတွင်လည်းကျည်ထိမှန်မှုများရှိခဲ့ကြောင်း သိရပါတယ်။

Crd