တိုးဒီဖရန့် အဆင့်-၁၁ ၌ ဖိလစ်ဆန် အနိုင်ရ

တိုးဒီဖရန့် ပြင်သစ်ခရီးရှည်စက်ဘီးစီးပြိုင်ပွဲရဲ့ အဆင့်-၁၁ မှာ ဘယ်လ်ဂျီယံနိုင်ငံသား ဖိလစ်ဆန်က အနိုင်ရခဲ့ပါတယ်။ အဆင့်-၁၁ အဖြစ် ဇူလိုင်လ ၁၂ ရက်နေ့က ကလဲမွန့်ကနေ မူလင်းအထိ ၁၈၀ ကီလိုမီတာ ခရီးကို ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

အယ်ဖီစင်အသင်းသား ဖိလစ်ဆန်က (၄)နာရီ(၁)မိနစ်(၀၇)စက္ကန့်နဲ့ ပထမရခဲ့တာဖြစ်ပြီး နယ်သာလန်နိုင်ငံသား ဂရိုအန်ဝီဂန်နဲ့ ဂျာမနီနိုင်ငံသား ဘောင်းဟော့စ်တို့က စံချိန်တူနဲ့ပဲ ဒုတိယ၊ တတိယ အသီးသီးရခဲ့ပါတယ်။ အဆင့်(၃)၊ (၄) နဲ့ (၇)တို့မှာ အနိုင်ရ ထားခဲ့တဲ့ ဖိလစ်ဆန်အတွက်တော့ အခုနှစ်တိုးဒီဖရန့်ပြိုင်ပွဲရဲ့ အဆင့်တစ်ခုကို ၄ ကြိမ်မြောက် အနိုင်ရတာလည်း ဖြစ်ခဲ့ပါတယ်။

အဆင့်-၁၁ အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာတော့ ဂျမ်ဘိုဗစ်စမာ အသင်းသား ဗင်ဂီဂတ်က (၄၆)နာရီ(၃၄)မိနစ်(၂၇)စက္ကန့်နဲ့ ဒုတိယနေရာက စလိုဗေးနီးယားနိုင်ငံသား ပိုဂါကာကို (၁၇)စက္ကန့်အသာနဲ့ ဦးဆောင်နေပါတယ်။ တတိယနေရာမှာတော့ ဩစတြေးလျနိုင်ငံသား ဟင်ဒလေက (၂)မိနစ် စက္ကန့် (၄၀)အကွာနဲ့ ရပ်တည်နေပါတယ်။