အငြင်းပွားဖွယ်အမှတ်ဖြင့် အနိုင်ရခဲ့တဲ့ တိုင်ဆန်ဖျူရီ

ဆော်ဒီအာရေဗျနိုင်ငံ၌ ထိုးသတ်ခဲ့သည့် လက်ဝှေ့ပွဲတွင် WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖျူရီက UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်ဂန်နူကို အငြင်းပွားဖွယ် အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

တိုင်ဆန်ဖျူရီသည် တတိယအချီတွင် အန်ဂန်နူ၏လက်သီးချက်ကြောင့် လဲကျခဲ့သော်လည်း ဒိုင်လူကြီးနှစ်ဦးက တိုင်ဆန်ဖျူရီကို ၉၆-၉၃၊ ၉၅-၉၄ ဖြင့်အနိုင်ပေးကာ ကျန်တစ်ဦးကမူအန်ဂန်နူကို ၉၅-၉၄ ဖြင့် အနိုင်ပေးခဲ့သည်။

အားကစားလောကမှ ထင်ရှားကျော်ကြားသူများကယင်းပွဲရလဒ်ကို ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။