ငွေကြေးစည်းမျဉ်းချိုးဖောက်တာထင်ရှားရင် တန်းဆင်းရမယ့် ချဲလ်ဆီးအသင်းနဲ့ မန်စီးတီးအသင်း

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ဟာ အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်အမြတ်အစွန်းနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးစည်းမျဉ်း (FFP)ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရမှတ် ၁၀ မှတ်နုတ်ကာ ပြစ် ဒဏ်ချမှတ်လိုက်ပါတယ်။

      အဲဗာတန်အသင်းကို ရမှတ်နုတ်လိုက်တဲ့ နောက် ဆက်တွဲအနေနဲ့ မန်စီးတီးအသင်းနှင့် ချဲလ်ဆီးအသင်း တွေပါ FFP စည်းမျဉ်းတွေချိုးဖောက်တာ ထင်ရှားခဲ့ပါက တန်းဆင်းရမယ့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရနိုင်တယ်လို့ မန်စီးတီး အသင်းရဲ့ ဘဏ္ဍာရေးအကြံပေးဟောင်းတစ်ဦးဖြစ်တဲ့ Stefan Borson က သတိပေးလိုက်ပါတယ်။

      ချဲလ်ဆီးအသင်းဟာ အသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် လက်ထက်က အပြောင်းအရွှေ့တွေမှာ ငွေပေးချေခဲ့တဲ့ အမှုတွေနဲ့ စုံစမ်းစစ်ဆေးခံနေရသလို မန်စီးတီးအသင်းဟာလည်း ပြီးခဲ့တဲ့ ၉ နှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့ ငွေပေးချေမှုတွေမှာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်မှုလုပ်ခဲ့တယ်ဆိုပြီး စုစုပေါင်းအမှု ၁၁၅ မှုနဲ့ စုံစမ်းစစ် ဆေးတာခံနေရတာ ဖြစ်ပါတယ်။

#PAN