မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌿ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်🌿

ကြိုးစားမှု မရှိပဲနဲ့ ရည်မှန်းချက်
မျှော်လင့်ချက် ရှိနေရုံနဲ့ အောင်မြင်မှု
တွေ တိုးတတ်မှုတွေကို မရနိုင်ဘူး ။

ကိုယ့်ရည်မှန်းချက် ကိုယ့်မျှော်လင့်
ချက်တွေ ဖြစ်လာဖို့ဆိုရင်
အချိန်ရှိတုန်းအရွယ်ရှိတုန်းမှာ ကြိုး
စားနေရမယ် ။

ရည်မှန်းချက်တွေ မျှော်လင့်ချက်
တွေ အတတ်ပညာတွေ ရှိနေပေမယ့်
ကြိုးစားမှုမရှိတော့ အောင်မြင်မှုတွေ
မရတဲ့သူတွေ လောကမှာ ဒုနဲ့ဒေနဲ့ ရှိ
ပါတယ်
လက်ချိုးရေလို့တောင် ရေတွက်လို့
ရမှာမဟုတ်ဘူး ။

လောကမှာ မိဘမေတ္တာကလွဲရင်
ဘယ်အရာမှ အလကားမရပါဘူး။
အောင်မြင်မှုတွေ ရဖို့အတွက် ကိုယ့်
ဘက်က ပေးဆပ်သင့်တာ ပေးဆပ်
ရမယ် ။

ကိုယ့်ဘက်က ဘာပေးဆပ်မှုမှမရှိ
ဘာကြိုးစားမှုမှမရှိပဲနဲ့ သူတစ်ပါး
အောင်မြင်သလို အောင်မြင်ချင်လို့
ကတော့
စိတ်ကူးထဲသာ ဖြစ်ရင်ဖြစ်မယ်
လက်တွေ့မှာတော့ လုံးဝဖြစ်လာမှာ
မဟုတ်ပါဘူး ။

လက်တွေ့အမှန်တကယ်ဖြစ်လာဖို့
ဆိုရင်တော့
အခွင့်အရေးရတုန်း အရွယ်ရှိတုန်း
လေးမှာ
ကိုယ့်ရဲ့မျှော်လင့်ချက်ကိုယ့်ရဲရည်
မှန်းချက်တွေ အကောင်ထည်ဖော်
နိုင်အောင်

အချိန်တွေကို အလကား ဖြုန်းတီး
မနေပဲ
ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါ
တယ် ။

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️