ကျောင်းပိတ်ရက်တွင် ကျောင်းသား/ သူများရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ ဖွင့်လှစ်

 အခြေခံလေကြောင်းလူငယ်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများ အား လေကြောင်းပညာသမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဉ် တည်ဆောက်မှုအခြေခံသဘောတရား၊ လေယာဉ်စက်အုံတည်ဆောက်မှုအခြေခံများ၊ လေယာဉ်ပုံစံငယ်တည်ဆောက်မှုအခြေခံများ၊ RC Simulartor မောင်းနှင်ခြင်း၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်း၊ အခြေခံစစ်ပညာ(လက်နက်မဲ့) စသည့် ဘာသာရပ်များ ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ သင်တန်းကာလ တတိယ အပတ်တွင် မိတ္ထီလာမြို့၌ သင်တန်းသားများ စုဖွဲ့၍ စခန်းသွင်းလေ့ကျင့်ခြင်း၊ တပ်မတော်(လေ)၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား လက်တွေ့ကွင်းဆင်း လေ့လာခြင်း၊ သင်တန်းစခန်းအသီးသီးမှ ထူးချွန်သင်တန်းသားများကို Grob- 120၊ Y-12 လေယာဉ်နှင့် H-120  ရဟတ်ယာဉ်များတွင် လိုက်ပါပျံသန်းခြင်းများနှင့် ပြိုင်ပွဲများ ကျင်းပခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်တယ်လို့သိရပါတယ်။