မတ်လ ၂၀ ရက်နေ့မှုခင်းသတင်းများ

-မတ်လ ၁၉ ရက် ၀၅၀၀ နာရီတွင် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ အကွက်(၆၅၅)၊ ၃၈(ဘီ)လမ်း၊ ၇၈ လမ်း x ၇၉ လမ်းဆုံအနီးရှိ GGI အာမခံကုမ္ပဏီနှင့် Kenbo ကုမ္ပဏီအား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် မှန်တံခါး၊ဆိုင်းဘုတ် ပျက်စီးခဲ့ပြီး ဖြစ်ပွားသည့် နေရာနှင့် မီတာ ၁၀၀ ခန့်အကွာ ၃၈(ဘီ)လမ်း၊ ၇၈ လမ်း x ၇၉ လမ်းပေါ်၌ သဲအိတ် ၃ အိတ်၊ ဝါယာကြိုး အပိုင်းအစများနှင့် ဒုံးသီး ဖင်ပိတ်ဟုယူဆရသည့် ဆက်စက်ပစ္စည်းများ တွေ့ရှိခဲ့။

-မတ်လ ၁၉ ရက် ၀၉၀၀ နာရီတွင် စလင်းမြို့နယ်၊ ပုခက်တိုင်ကျေးရွာတွင် နေထိုင်သော ဦးမြင့်ထူး(၄၉)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်အဖွဲ့မှ ကျား ၇ ဦးသည် ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဦးမြင့်ထူးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ပုခက်တိုင်ကျေးရွာ၏ အရှေ့ဘက် ၂ ဖာလုံခန့်အကွာ စလင်းချောင်းဘေးကိုင်း တောစပ်သို့ အရောက်၌ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်ထူးတွင် ဝမ်းဗိုက်ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးခဲ့။

-မတ်လ ၁၉ ရက် ၁၂၀၀ နာရီတွင် တံတားဦးမြို့နယ်၊ ထန်းလုံးတပ်ကျေးရွာနေ အမက(ထန်းလုံးတပ်)မှ မူလတန်းပြဖြစ်သူ ဦးချစ်ဇော်ဦး(၂၆)နှစ်နှင့် ဖခင်ဖြစ်သူ ဦးဇော်ဝင်းမြင့်(၆၀)နှစ်တို့သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၄ ဦး ရောက်ရှိလာခဲ့ပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးချစ်ဇော်ဦးသည် သေဆုံးသွားခဲ့ပြီး ဦးဇော်ဝင်းမြင့်တွင် လက်နှင့် ခြေထောက်၌ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့။

-မတ်လ ၁၉ ရက် ၁၉၄၅ နာရီတွင် ဝမ်းတွင်းမြို့နယ်၊ သီးကုန်းကျေးရွာနေ ကျေးရွာတွင် နေထိုင်သော ဦးမောင်ပု (၆၀)နှစ်သည် ဝမ်းတွင်းမြို့သို့ ရုံးလုပ်ငန်းကိစ္စဖြင့် သွားရောက်ပြီး ပြန်လာစဉ် သီးကုန်းကျေးရွာနှင့် ဘုရားစုကျေးရွာကြားသို့ ရောက်ရှိစဉ် အကြမ်းဖက် PDF ကျား ၄ ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမောင်ပုတွင် ဝဲလက်မောင်း၊ ဝဲရင်အုံကျည်ဖောက်ဝင်၊ နားထင် ကျည်ဖောက်ထွက်ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့။

-မတ်လ ၁၉ ရက် ၀၅၄၅ နာရီတွင် နတ်တလင်းမြို့နယ်၊ ပျဉ်ပုံကျေးရွာနေ ပျဉ်ပုံကျေးရွာတွင် နေထိုင်သော ဦးရဲအောင်၏ နေအိမ်သို့ PDF အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးခန့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက် ရှာဖွေရာ လူမတွေ့ရှိသဖြင့် နေအိမ်အား ဖျက်ဆီးနေစဉ် အနီးဝန်းကျင်အိမ်များရှိ ရွာသားများမှ ထွက်ကြည့်ရာ အကြမ်းဖက်သမားများသည် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြာင့် အိမ်နီးချင်းဖြစ်သူ ဦးဝင်းစိုး (၅၆)နှစ်တွင် ဝဲရင်အုံ၊ ဝဲလက်မောင်းကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့။

-မတ်လ ၁၉ ရက် ၁၄၁၅ နာရီတွင် ပေါက်ခေါင်းမြို့နယ်၊ သပြေကုန်းကျေးရွာနေ ဦးသိန်းဇော်(၄၂)နှစ်သည် ဘုန်းကြီး ကျောင်း၌ သန့်ရှင်းရေးဆောင်ရွက်နေစဉ် အကြမ်းဖက်သမား ၅ ဦးသည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင် ရောက်ရှိလာပြီး ဦးသိန်းဇော်အား ဖမ်းဆီးခေါ်ဆောင်ကာ ဘုန်းကြီးကျောင်းအနောက်ဘက်သို့ ရောက်ရှိစဉ် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးသိန်းဇော်တွင် ဦးခေါင်း၊ ဝဲလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့။