ဆီဆိုင်မြို့သိမ်းတိုက်ပွဲများ နောက်ဆုံးအခြေအနေ

NCA ကို သစ္စာဖောက်ခဲ့တဲ့ PNLO က ခွန်သူရိန်က
ဆီဆိုင်မြို့သိမ်းဖို့ ကယန်း၊ ပဒေါင် KNDF နဲ့ ပူးပေါင်းပြီး
ဆီဆိုင်၊ ဟိုပုန်းမြို့နယ်တွေအတွင်း
တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပါတယ်။

ခွန်သူရိန်အဖွဲ့ရဲ့ လုပ်ဆောင်ချက်ကြောင့်
တည်ငြိမ်အေးချမ်းတဲ့ ပအိုဝ်နယ်မြေမှာ
စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး
မြို့ရွာတွေ ပျက်စီး၊ဒေသခံပြည်သူတွေ
စစ်ဘေးသင့်ခဲ့ရပါတယ်။

ဒါ့အပြင် KNDF၊ PDF တပ်ဖွဲ့ဝင်
ကယန်း၊ ပဒေါင်တွေဟာ
PNO အဖွဲ့ကို ထောက်ခံအားပေးတဲ့
ပအိုဝ်ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း၊
ရွာသား‌တွေကို သတင်းပေးအဖြစ်
ဖမ်းဆီး -တ်ဖြတ်ခြင်းတွေ
ရက်ရက်စက်စက်ပြုလုပ်မှုတွေကြောင့်
ပအိုဝ်လူမျိုးတွေဟာ KNDF တပ်ဖွဲ့တွေကို
ကြောက်လန့်ရွံရှာသလို
KNDF အဖွဲ့ကို ခေါ်ဆောင်လာတဲ့
PNLO အဖွဲ့ကိုလည်း ဆန့်ကျင်ခဲ့ကြပါတယ်။

ဒါ့ကြောင့် PNLO အဖွဲ့ခေါင်းဆောင် ခွန်သူရိန်က
ဒေသခံပြည်သူတွေကို
တောင်းပန်စာထုတ်လိုက်၊
ခြိမ်းခြောက်စာထုတ်လိုက် လုပ်နေရပြီး
ပြည်သူလူထု မထောက်ခံလို့ ဆီဆိုင်မြို့မသိမ်းနိုင်ပဲ
ဆုတ်ခွာထွက်ပြေးနေရသလို
KNDF တွေ အကျအဆုံး များပြားနေပါတယ်။

အထူးသဖြင့်တော့ KNDF နဲ့ PNLA တပ်တွေရဲ့ တပ်လှုပ်ရှားမှုသတင်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ရရှိနေပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့်ထိရောက်စွာတိုက်ခိုက်နေမှုကြောင့်
ထိခိုက်ကျဆုံးမှုများနေတဲ့ KNDF တွေက PNLO အပေါ် သံသယဖြစ်နေပြီး ပအိုဝ်နယ်မြေမှ ဆုတ်ခွာရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

#တိုက်ပွဲသတင်းစုံ