စစ်မှုထမ်းရန် မဲပေါက်တဲ့ကိစ္စနှင့် အုပ်ချုပ်ရေးမှူး ခေါင်းရိုက်ခံရလို့ Khit Thit မှ အပုပ်ချ

မတ်လ ၁၈ ရက်နေ့၌ ရန်ကုန်တိုင်း၊ သန်လျင်မြိုနယ်၊ ကုလားဝဲကျေးရွာတွင် အုပ်ချုပ်ရေးမှူး ခေါင်းရိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နည်းဥပဒေပြုစုဆဲဖြစ်ပြီး စစ်မှုထမ်းရန် မဲနှိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိသေးသော်လည်း Khit Thit Media မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အများပြည်သူများ စိုးရိမ်ထိတ်လန့်မှုများဖြစ်စေရန် နည်းမျိုးစုံသုံးပြီး အပုပ်ချကာ ကောလာဟလသတင်းများ ရေးသားထားခြင်းဖြစ်ပါတယ်။