ဝက်လက်မြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးသေတယ်လို့ မြေလတ်အသံမှ သတင်းအတုရေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားတိုက်နယ်ထဲက ပဝင်းတပ်ရွာမှာ တပ်လာစွဲတဲ့စစ်သားတွေကို စက်တင်ဘာ ၇ ရက် မနေ့ညနေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့လို့ စစ်သား ၆ ဦးသေကာ ၄ ဦး ဒဏ်ရာရရှိ သွားတယ်လို့ မြေလတ်အသံ မှ သတင်းတုရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ စက်တင်ဘာလ ၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားတိုက်နယ်ထဲက ပဝင်းတပ်ရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်မရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ မြေလတ်အသံ မှ လူအထင်ကြီးအောင် ဒရုန်းဖြင့်တိုက်ခိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုတမင်အပုတ်ချကာ စစ်သား ၆ ဦးသေပြီး ၄ ဦးဒဏ်ရာရတယ်လို့ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။