မြို့မရဲစခန်းကို ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရရှိကြောင်း Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် မြိုင်မြို့ပေါ်ရှိ မြို့မရဲစခန်း ကို Shar Htoo Waw Drone နည်းပညာ (မောင်းသူမဲ့‌လေယာဉ်) များစွာအသုံးပြု၍ တော်လှန်ရေးတပ်ဖွဲ့များက ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် မြိုင်မြို့ပေါ်ရှိ မြို့မရဲစခန်း တွင် ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ PDF ဂုဏ်ဖော်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACTCHECK