သာကြီးတောင်ရေနံမြေ၌ စစ်သား ၁၀ ဦးထက်မနည်းသေတယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင်လ ၁၅ ရက်နေ့တွင် ပခုက္ကူမြို့မှ သာကြီးတောင်ရေနံမြေကို အင်အား ၁၀၀ ခန့် လုံခြုံရေးယူ၍ လိုက်ပါပို့ဆောင်သော ရိက္ခာနှင့် လက်နက်ပစ္စည်းများ တင်ဆောင်လာသည့် ကား ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပွိုင့် ၄ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပခုက္ကူမြို့မှ သာကြီးတောင်ရေနံမြေတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ PDF တွေ အရပ်သားကုန်တင်ကားအား မိုင်းဆွဲတိုက်ခိုက်တာကို အမှန်မရေးဘဲ Khit Thit မှဗြောင်လိမ်ဗြောင်စားလုပ်ကာ လုံခြုံရေးတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၁၀ ဦးထက်မနည်း သေဆုံးတယ်ဆိုပြီး လုပ်ကြံဖန်တီး ရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FACT-CHECK