စမွန်းရွာကနေအိမ်တွေကို တပ်က ဝင်ရောက်မီးရှို့တယ်လို့ မြေလတ်အသံ မှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ဘက်ခြမ်းမှာရှိတဲ့ စမွန်းရွာက လူနေအိမ်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက သြဂုတ်လ ၁၇ ရက် ဒီနေ့ ညနေ ၄ နာရီခွဲ ကျော်လောက်မှာ ဝင်ရောက်မီးရှို့ သွားတယ်လို့ မြေလတ်အသံ မှ သတင်းမှားရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ဘက်ခြမ်း မှာရှိတဲ့စမွန်းရွာအတွင်းသို့ လုံခြုံရေးတပ်များ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး နေအိမ်များအားမီးရှို့ခဲ့ခြင်းမရှိကြောင်း ဒေတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ မြေလတ်အသံ မှ ဖြစ်စဉ်အမှန်မရေးတဲ့အပြင် တပ်မတော်ကို အပုတ်ချပြီး စစ်ကြောင်းဝင်တာနဲ့ ရိုးရာမပျက် နေအိမ်တွေကိုမီးရှို့တယ်ဆိုပြီး အများပြည်သူအထင်လွဲရုံသာမက ပြည်သူများမုန်းတီးအောင် လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။