မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဘုရားဖူးပြည်သူ ၁ သိန်းကျော်လာရောက်ဖူးမြှော်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ်လ ၁၉ ရက် စနေနေ့တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူ ၁ သိန်းကျော် လာရောက်ဖူးမြှော်ခဲ့ကြကြောင်းသိရပါတယ်။ ရုံးပိတ်ရက်အားလပ်ရက်ဖြစ်တဲ့အတွက် ဝန်ထမ်းအချို့လည်း မိသားစုများနဲ့လာရောက်ဖူးမြှော်ကြည်ညိုကြသလို နယ်ဘက်က ဘုရားဖူးပြည်သူများကလည်း မိသားစုလိုက် အပန်းဖြေရင်းနဲ့ ဘုရားကြီးအားလာရောက်ဖူးမြှော်ကြလျက်ရှိပါတယ်။