ထိုင်ဝမ်အနီးဝန်းကျင်တွင် ပူးတွဲကင်းလှည့်ခြင်းနှင့် စစ်ရေးလေ့ကျင့်ခြင်း ပြုလုပ်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဒေသက ထိုင်ဝမ်ကျွန်းအနီး ရေတပ်နှင့် လေတပ်တို့၏ ဝေဟင်နှင့် ရေပြင်ပူးတွဲကင်းလှည့်ခြင်းနှင့် စစ်ရေးလေ့ကျင့်ခြင်းကို ဩဂုတ် ၁၉ ရက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကင်းလှည့်ခြင်းများနှင့် စစ်ရေးလေ့ကျင့်ခြင်းများသည် စစ်ရေယာဉ်များနှင့် လေယာဉ်များ ညှိနှိုင်းဆောင်ရွက်မှု၊ လေကြောင်းနှင့် ပင်လယ်ရေကြောင်းပိုင်နက်များ ထိန်းချုပ်ရေးစွမ်းရည်အား လေ့ကျင့်ပေးရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ကွပ်ကဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရှီရိက ပြောခဲ့သည်။
တပ်မတော်၏ တကယ့်တိုက်ပွဲအခြေအနေများ၌ တိုက်ခိုက်နိုင်မှုစွမ်းရည်ကို စမ်းသပ်သွားမည်ဖြစ်ကြောင်း၊ ကင်းလှည့်ခြင်းများနှင့် စစ်ရေးလေ့ကျင့်ခြင်းများမှာ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးသမားများနှင့် ပြည်ပအင်အားစုများ၏ ပူးပေါင်းကြံစည်မှုနှင့် ရန်စမှုများကို သတိပေးသည့်အနေဖြင့်လည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

Ref – (Xinhua)

CRD; MyanmarNationalPost