ယူဂန်ဒါနိုင်ငံ စာသင်ကျောင်း တိုက်ခိုက်မှုတွင် လူ ၄၁ ဦး သေဆုံး

ဇွန်လ (၁၈)ရက်နေ့တွင် ယူဂန်ဒါနိုင်ငံ စာသင်ကျောင်း တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရသူများ၏ ဈာပနအခမ်းအနားကို ကျင်းပခဲ့ပါသည်။ ယူဂန်ဒါအစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် “ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်” သည် ယူဂန်ဒါအနောက်ပိုင်း ခါဆယ်ဆယ် ဒေသရှိ စာသင်ကျောင်းတစ်ကျောင်းကို ၁၆ ရက်နေ့ ညက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း ၊ ထို့အပြင် လက်နက်ကိုင်အဖွဲ့မှ အနည်းဆုံး လူ ၆ ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် ဆယ်နှစ်ကျော်အတွင်း ယူဂန်ဒါနိုင်ငံတွင် အဆိုးရွားဆုံးတိုက်ခိုက်မှုဖြစ်ကြောင်း ယူဂန်ဒါ တာဝန်ရှိသူတစ်ဦးက ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါသည်။ ယင်းလက်နက်ကိုင်များသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးသွားကြောင်း ယူဂန်ဒါစစ်တပ်က ပြောကြားခဲ့သည်။