ရုရှားနှင့်ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်ခြင်းက ပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းစေရေးရည်ရွယ်ဟု တရုတ်ပြော

တရုတ်နိုင်ငံက ရုရှားနိုင်ငံနှင့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်ခြင်းသည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို
ပိုမိုနက်ရှိုင်းစေရန်ရည်ရွယ်ကြောင်း တရုတ်စစ်ဘက်ကထုတ်ပြန်ထားပါတယ်။
ရေတပ်စစ်ရေးလေ့ကျင့်ခန်းများကို ရှန်ဟိုင်းမြို့တောင်ဘက် ကျဲကျန်းပြည်နယ်ကမ်းလွန်ဒေသ၌ ဒီဇင်ဘာ ၂၁ ရက်မှစ၍
ဒီဇင်ဘာ ၂၇ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်အရှေ့ပိုင်း စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်၏ ထုတ်ပြန်
ချက်တွင်ဖော်ပြထားပါတယ်။
အခုပူးတွဲစစ်ရေးလေ့ကျင့်ခန်းက နှစ်နိုင်ငံစလုံးအနေနဲ့ ပင်လယ်ရေကြောင်းလုံခြုံရေးခြိမ်းခြောက်မှုများကို ပူးတွဲတုံ့ပြန်
နိုင်မှုစွမ်းရည်များ ပိုမိုတိုးတက်စေရေးနဲ့ နှစ်နိုင်ငံကြားကျယ်ပြန့်တဲ့ ခေတ်သစ်ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေ
ရေးတို့အတွက် ရည်ရွယ်ပါတယ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါတယ်။
စစ်ရေးလေ့ကျင့်ခန်းတွင် ရုရှားပစိဖိတ်ရေယာဉ်စုမှ ဗာယန်းဒုံးကျည်တင်ခရူဆာသင်္ဘော၊ မာရှယ်ရှာပိုရှင်ကော့ဖျက်
သင်္ဘောနှင့် ကော်ဗက်စစ်ရေယာဉ်နှစ်စင်းတို့ ပါဝင်လေ့ကျင့်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက
ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံကမူ ရေငုပ်သင်္ဘောများအပါအဝင် များပြားလှစွာသော စစ်သင်္ဘောများကို စစ်ရေးလေ့ကျင့်ခန်းတွင်
ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ပြီး နှစ်နိုင်ငံစလုံးမှ စစ်လေယာဉ်များလည်း ပါဝင်မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အကန့်အသတ်မရှိမိတ်ဖက်ဆက်ဆံရေးကိုတည်ထောင်ကြောင်း ကြေညာထားသည့်
အပြင် နိုဝင်ဘာလကလည်း နှစ်နိုင်ငံမှမဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များ ပါဝင်သည့် ပူးတွဲလေတပ်ကင်းလှည့်မှု
လေ့ကျင့်ခန်းကို လုပ်ဆောင်ထားကြောင်း သတင်းရရှိပါတယ်။