ပုန်ကန်တဲ့ စာသားများရေးသားခဲ့တဲ့ ဗိုလ်ကြီး ၁ ဦးအား သေဒဏ်ပေးခံရတယ်လို့ Khit Thit မှ သတင်းအမှန်ရေး

မင်္ဂလာဒုံ တပ်မတော်ဆေးတက္ကသိုလ် ဆေးပညာမဟာသိပ္ပံ အပတ်စဉ် ၂၉ တက်ရောက်နေသော အသက် ၃၂ နှစ်အရွယ်စစ်ဆေး ဗိုလ်ကြီးတစ်ဦးကို လူမှုကွန်ရက်တွင် စစ်တပ်ကို ပုန်ကန်ကြရန် လှုံ့ဆော်သည့် အရေးအသားများရေးသားခြင်း၊ စစ်တပ်မကောင်းကြောင်း ရေးသားထားသည့် သတင်းများနှင့် ပို့စ်များရှယ်ခြင်းကြောင့် မေလအတွင်း ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ၄ လအကြာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ၊ စစ်ခုံရုံးက စစ်တပ်ကို ပုန်ကန်မှုဖြင့် သေဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်လက်အောက်ခံ ဆေးတက္ကသိုလ် ဆေးပညာမဟာသိပ္ပံ အပတ်စဉ် ၂၉ မှာ တက်ရောက်ခဲ့တဲ့ ဗိုလ်ကြီး ၁ ဦးသည် လူမှုကွန်ရက်ပေါ်တွင် တပ်မတော်အား ပုန်ကန်သောစာများ ရေးသားခြင်း၊ ပုန်ကန်ရန် လှုံ့ဆော်သော စာများရေးသားခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်သိက္ခာညှိုးနွမ်းစေရန် အပုတ်ချစာသားများ ရေးသားခြင်းကြောင့် အကျဉ်းစစ်တရားရုံး အမှတ်စဉ် ၁၇/၂၀၂၃၊ အက်ဥပဒေ ပုဒ်မ ၃၂ (ဌ) အရ သေဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။