အမျိုးသမီးငယ် ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တယ်လို့ DVB မှ သတင်းအမှားရေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဝက်ချောင်းရွာ ကားလမ်းမနံဘေးမှာ အောက်တိုဘာလ ၁၄ ရက်က အသက် ၁၈ နှစ်ဝန်းကျင် အရွယ်ရှိ အမျိုးသမီးငယ်တဦး ဦးခေါင်းသေနတ်မှန် ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ သေဆုံးနေတဲ့အမျိုးသမီးဟာ ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက တပ်မတော်စစ်ကြောင်း နဲ့အတူ ဖမ်းဆီးခေါ်ဆောင်ခံနေရတဲ့ ခမောင်းချောင်းရွာက မစန္ဒာခိုင်ဖြစ်တယ်လို့ DVB မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်းအချိန်၌ ရေဖြူမြို့နယ်၊ ခမောင်းချောင်းကျေးရွာမှ PDF အဖွဲ့ခေါင်းဆောင် အမည် ဗိုလ်စိန်ဆိုသူသည် တူမဖြစ်သူ မစန္ဒာခိုင် အသက် ၂၀ နှစ်အား ၎င်း၏အဖွဲ့အတွင်းဝင်ရောက်ရန် စည်းရုံးပြောကြားခဲ့ရာတွင် တူမက လက်မခံသဖြင့် တပ်မတော်သတင်းပေးဒလန်ဟု စွပ်စွဲပြီး ကျေးရွာအပြင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်၍ နူတ်ပိတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ PDF က သူ့ရဲ့တူမဖြစ်သူအား သတ်ဖြတ်လူစိတ်မရှိ သတ်ဖြတ်တာကို အမှန်မရေးဘဲ DVB မှ ဗြောင်လိမ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ အပုတ်ချပြီး အောက်တန်းကျကျ ရေးသားထားခြင်းသာဖြစ်ပါသည်။