ရုရှားစစ်ဘက်၏ Lancet ဒရုန်းများ ယူကရိန်းစစ်မြေပြင်တွင် အစွမ်းပြလျက်ရှိဟုဆို

  ယူကရိန်းစစ်မြေပြင်တွင် ရုရှားစစ်ဘက်က အသုံး ပြုလျက်ရှိသည့် Lancet ဒရုန်းများသည် အကောင်းဆုံး လက်စွမ်းပြလျက်ရှိကြောင်း အမေရိကန်သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

       နောက်ဆုံးပေါ် နည်းပညာမြင့် Lancet ဒရုန်းများ သည် အသေခံဒရုန်းများဖြစ်ပြီး ထိုဒရုန်းများသည် ယူကရိန်းစစ်တပ်ကို ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်လာကြောင်း ရုရှားတပ်မတော်က ထုတ်ပြန်သည့် ဗီဒီယိုကို ကိုးကားပြီး အဆိုပါ သတင်း ဌာနက ဖော်ပြထားခြင်းဖြစ်သည်။

       ထိုဗီဒီယိုအရ Lancet ဒရုန်းများတွင် တပ်ဆင်ထားသော ထိပ်ဖူးများသည် လေကွဲအမျိုးအစားများဖြစ်ပြီး ပစ်မှန်အနီးတွင် ပေါက်ကွဲကာ ယင်းပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် အစများက ပစ်မှတ်ဆီသို့ ထိုးဖောက် ဝင်ရောက်သွားခြင်း ဖြစ်နိုင်သည်ကို တွေ့ရသည်။ ရှရှားတပ်များသည် ယူကရိန်း၏ တန်ပြန်တိုက်စစ်ကို ထိန်းချုပ် နိုင်ရေးအတွက် Lancet ဒရုန်းအပါအဝင် အခြားသော ဒရုန်းအမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက် ရှိသည်။

      ယူကရိန်းစစ်ဘက်၏ ယာဉ်ဆွဲအမြောက်များ၊ သံချပ်ကာယာဉ်များ၊ အတွဲလိုက် ဒုံးပစ်လောင်ချာများ အပါအဝင် စစ်လက်နက်ပစ္စည်းများကို သာမက ကွပ် ကဲမှုစခန်းများ၊ အကဲကြည့်စခန်းများနှင့် စစ်သည်များကို ချေမှုန်းနိုင်ရေးအတွက် အဆိုပါ ဒရုန်းများကို အသုံးပြုလျက်ရှိကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြ ထားသည်။

#PAN