ကစားသမားဘဝ သွင်းဂိုး ၃၀၀ ပြည့်သွားတဲ့ အမ်ဘာပေ

ဂျီဘရော်တာအသင်းကို ၁၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပြင်သစ်အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အမ်ဘာပေဟာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် စုစုပေါင်းသွင်းဂိုး ၃၀၀ ပြည့်မြောက်သွားခဲ့ပါတယ်။

     အမ်ဘာပေက  ဂိုး ၃၀၀ ပြည့်မြောက်ခဲ့ပေမယ့် ဆက်လက်ကြိုးစားဖို့လိုအပ်နေသေးတယ်လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် အမ်ဘာပေ ဟာ လက်ရှိရာသီမှာ  ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၁၃ ဂိုးသွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

#PAN