မိသားစုဝင် ၇ ဦးအား သတ်ဖြတ်မှုတွင် ပုလော PDF များ ပါဝင်ပတ်သက်နေ

ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အလယ်ကုန်းရွာမှာဖြစ်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် ၇ ဦးထဲက ၂ နှစ်သားကလေးငယ်ပါမချန် အကုန်လုံးကို သတ်ဖြတ်ခဲ့တဲ့ လူသတ်တရားခံတွေထဲက ၁ ဦးကို ဖမ်းမိထားပြီး သတ်ဖြတ်မှုမှာ ပုလောက PDF တွေ ပါဝင်ပတ်သက်နေတယ်လို့ ပုလောစစ်ကြောင်း – ၁ ထုတ်ပြန်ချက်နဲ့ မီဒီယာတွေကို ဖြေဆိုထားမှုအရ သိရပါတယ်။ အကြမ်းဖက် PDF တွေကတော့ ပြည်သူကိုအမျိုးမျိုးနှိပ်စက်ရုံမျှမက မြို့ရွာတွေ ပျက်စီးအောင်ပါ လုပ်ဆောင်နေကြပြီ။