ယင်းမာပင်မြို့နယ်ကတိုက်ပွဲသတင်းကို လိမ်ညာရေးသားထားတဲ့ Khit Thit ရဲ့ သတင်းအမှား

မေလ ၁၁ ရက်နေ့နံနက် ၇ နာရီခန့်တွင် တပ်မတော်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာကို ဝင်ရောက် စီးနင်းပြီး အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဒေသပြည်သူ ၁၀ ထက်မနည်း ကျည်ထိမှန်ခဲ့ကာ ရွာသား ၁ ဦးကိုလည်း နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း Khit Thit မှ လူမှုကွန်ရက်ပေါ်တွင် သတင်းမှား ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

သတင်းအား စိစစ်ရာတွင် >>> မေလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် pdf များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် pdf ၂ လောင်း၊ M-22 သေနတ် ၁ လက်၊ M-4 သေနတ် ၁ လက်ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါသည်။ Khit Thit မှ pdf သေတော့ ရွာသား၊ pdf က ရွာသားတွေကို သတ်တော့ ဒလန်ဆိုပြီး အထင်အမြင်လွဲမှားစေရန် ဗြောင်လိမ်ဗြောင်စား လိမ်ညာရေးသားထားခြင်း ဖြစ်ပါတယ်။