အကြမ်းဖက်သူများနှင့် အကြမ်းဖက်အားပေးသူများအား ပြစ်ဒဏ်ချမှတ်သတင်း

(၁) ခင်ဦးမြို့၊ မြကန်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ခင်ဦးမြို့ပေါ်ရှိ အပြစ်မဲ့ပြည်သူ၏ နေအိမ်အား ဝင်ရောက်ကာ ပစ္စည်းများအား မင်းမဲ့စရိုက်ဆန်စွာ ရိုက်ချိုးဖျက်ဆီးခဲ့ပြီး ရွှေငွေများနှင့် ကား ၁ စီးအား အတင်းအဓမ္မ ဓားပြတိုက် ယူဆောင်သွားသူများ ထဲမှ တရားခံ ဇင်ဝင်းခန့် အား အကြမ်းဖက် ဥပဒေပုဒ်မ ၅၀(က) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း။

(၂) မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့ကာ တာဝါတိုင်များ ဖျက်ဆီးခြင်း၊ လက်လုပ်သေနတ်များ ပြုလုပ်ခြင်း၊ အပြစ်မဲ့ပြည်သူ ၁ ဦးအား ဒလန်ဟု ဆိုကာ tတ်ဖြတ်ခြင်း များပြုလုပ်ခဲ့သူ တရားခံ မင်းခန့်နိုင်(ခ)မိုးဒီ အား အကြမ်းဖက်ပုဒ်မ ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ယင်းပုဒ်မ ၄၉(က) အရ အလုပ်နှင့် ထောင်ဒဏ် (၁၁)နှစ်၊ ယင်းပုဒ်မ ၅၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၁)နှစ် (တစ်ပေါင်းတည်း)ကျခံစေရန် ချမှတ်လိုက်ကြောင်း။

(၃) မုံရွာမြို့နယ်၊ ထနောင်းတော(မ)ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့ကာ တာဝါတိုင်များ ဖျက်ဆီးခြင်း၊ လက်လုပ်သေနတ်များ ပြုလုပ်ခြင်း၊ အပြစ်မဲ့ပြည်သူ ၁ ဦးအား ဒလန်ဟု ဆိုကာ tတ်ဖြတ်ခြင်း များပြုလုပ်ခဲ့သူ တရားခံ သိန်းသန်းဇော် အား အကြမ်းဖက်ပုဒ်မ ၅၂(က) အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ယင်းပုဒ်မ ၅၀(ည) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် (တစ်ပေါင်းတည်း)ကျခံစေရန် ချမှတ်လိုက်ကြောင်း။

(၄) ကလေးမြိုနယ်၊ ကြိုးကြာကွင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲများနှင့် ဆက်သွယ်၍ အကြမ်းဖက်အဖွဲများအား သေနတ်များ ရောင်းချခဲ့သူ တရားခံ ကိုင်ဇခိုင်(ခ)ပုံခိုင် အား အကြမ်းဖက် ဥပဒေပုဒ်မ ၄၉(က) အရ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်၊ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ်၊ ၅၁(ဂ) အရ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ် (တစ်ပေါင်းတည်း)ကျခံစေရန် ချမှတ်လိုက်ကြောင်း။

(၅) ကလေးမြိုနယ်၊ ကျောက္ကာကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကလေးမြိုပေါ်ရှိ ဆူပူဆန္ဒပြပွဲများတွင် လိုက်ပါဆန္ဒပြခဲ့ပြီး ဝန်ထမ်းများနှင့် မြိုသူမြိုသားများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် စည်းရုံးလှုဆော်ခဲ့သူ တရားခံ ဗန်နယ်မော အား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်း။

(၆) ကလေးမြိုနယ်၊ သာစည်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကလေးမြိုပေါ်ရှိ ဆူပူဆန္ဒပြပွဲများတွင် လိုက်ပါဆန္ဒပြခဲ့ပြီး ဝန်ထမ်းများနှင့် မြိုသူမြိုသားများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် စည်းရုံးလှုဆော်ခဲ့သူ တရားခံ မြတ်မြတ်ခိုင်(ခ)မြတ်မြတ် အား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်း။

(၇) ကလေးမြိုတွင် နေထိုင်လျက်ရှိပြီး ကလေးမြိုပေါ်ရှိ ဆူပူဆန္ဒပြပွဲများတွင် လိုက်ပါဆန္ဒပြခဲ့ပြီး ဝန်ထမ်းများနှင့် မြိုသူမြိုသားများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် စည်းရုံးလှုဆော်ခဲ့သူ တရားခံ ဖြူဖြူသန့် အား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်း။

(၈) မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အင်းတော်မြို့ စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးများအား မော်တော်ယာဉ်နှင့်အတူ သယ်ဆောင်လာသူ တရားခံ စိုင်းအောင်မြတ်(ခ)သားငယ် အား မူး/စိတ်ပုဒ်မ ၁၉(က) အရ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် ကျခံစေရန် ချမှတ်လိုက်ကြောင်း။

(၉) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး အင်းတော်မြို့ စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးများအား မော်တော်ယာဉ်နှင့်အတူ သယ်ဆောင်လာသူ တရားခံ မြတ်ကျော်ဦး(ခ)ကျော်ဦး အား မူး/စိတ်ပုဒ်မ ၁၉(က) အရ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် ကျခံစေရန် ချမှတ်လိုက်ကြောင်း။