သိန်းပေါင်း ၁၆၀၀ ကျော်တန်ဖိုးရှိ တရားမဝင် ပစ္စည်းများကို  ဖမ်းမိ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၉ ရက်နှင့် ၃၁ ရက်တိုတွင် တရားမဝင်ကုန်သွယ်မှုပြုခဲ့သည့် အမှုတွဲပေါင်း (၁၃)မှုမှ ခန့်မှန်းငွေကျပ် ၁၆၅,၃၅၁,၁၀၀ တန်ဖိုးရှိ ကုန်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲက ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လားရှိးမြိုမှ လောက်ကိုင်မြိုသို မောင်းနှင်လာသည့် မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်း မရှိသည့် မီးသွေးအိတ် (၁၆၂)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၃၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Wish (၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၁၃၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။