ခပ်စိတ်စိတ် ဖမ်းဆီးခံရမှု များလာတဲ့ PDF များအခြေအနေ

PDF satution
ရန်ကုန်မှာလည်း မြို့ပြပျောက်ကျားတွေ ဖမ်းမိတယ်၊
မန္တလေးမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ သိသိသာသာလျော့နည်းသွားတယ်၊
ကြို့ပင်ကောက်နဲ့ ကောလင်းမှာလည်း PDF စခန်းတွေ ဝင်ရောက်ဖမ်းဆီးခံရတယ်၊
စစ်ကိုင်းမှာ PDF ကြီးစိုးတဲ့ ရွာတွေနား ရဟတ်ယာဉ်နဲ့ စစ်ကြောင်းတွေ ချပေးပြီး
တိုက်ခိုက်ရှင်းလင်းနေတယ်။
အဲဒီလိုတွေ လုပ်နိုင်တာ သတင်းအတိအကျရလို့ဖြစ်ပြီး အကြမ်းဖက်လမ်းစဉ်ကို
ရွံရှာလာတဲ့ ရဲရဲတောက်အနီအမာခံတွေအပါအဝင် ပြည်သူတွေက သတင်းပေးလို့ ​ဖြစ်ပါတယ်။
အဲ့ဒီလို သတင်းပေးသူတွေထဲက မြို့ပေါ် PDF တပ်ဖွဲ့ရဲ့ Save house တစ်ခုကို သတင်းပေးတဲ့
မိဘက သူ့သားလေး အဲဒီ Save house မှာရှိနေလို့ အသက်မသေအောင် ဖမ်းပေးဖို့
လျှို့ဝှက်သတင်းပေးပြီး သူ့သားလေးကို အမှုစီရင်ခဲ့ရင် သက်သက်ညှာညှာ စီရင်ပေးဖို့
တောင်းဆိုခဲ့တာ မိဘတစ်ယောက်ရဲ့ မေတ္တာကို အထင်းသားမြင်နိုင်ပါတယ်။
လူငယ်တွေကို လမ်းမှားရောက်အောင် လှုံ့ဆော်နေတဲ့ ပြည်ပြေးအကြမ်းဖက်သမားတွေကို
အေးချမ်းစွာနေထိုင်လိုတဲ့ မိဘပြည်သူတွေက လက်မခံနိုင်တော့လို့ အခုလို ခပ်စိတ်စိတ်
ဖမ်းဆီးရမိမှုတွေ များလာတယ် ထင်ပါတယ်။