အကြမ်းဖက် ရေးဘီလူးအဖွဲ့ မှ ကျေးရွာဈေးအတွင်းသို ၄၀ မမ ဖြင့် ပစ်ခတ်၊ ပြည်သူများ ဒဏ်ရာရ

စက်တင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၃ နာရီ ၃၅ မိနစ်အချိန်ခန့်က အကြမ်းဖက် ရေးဘီလူးအဖွဲမှ ရေး မြိုနယ်၊ ကျောင်းရွာကျေးရွာအတွင်း ၄၀ မမ ဖြင့် ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။


အကြမ်းဖက်သမားများ ပစ်ခတ်တိုက်ခိုက်သော ဗုံးသီး ၂ လုံးမှာ ကျောင်းရွာကျေးရွာ၊ ရပ်ကွက်(၄)ရှိ ကျောင်းရွာဈေးသို လည်းကောင်း၊ ရပ်ကွက်(၃)ရှိ ဒေါ်ချမ်း(နေအိမ်ဈေးဆိုင်)ပေါ်သိုလည်းကောင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။
ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဦးချစ်အောင် ၅၅ နှစ်တွင် ညာခြေသလုံး အစထိမှန်(မစိုးရိမ်ရ)နှင့် ဈေးဝယ်လာသူ အမျိုးသမီး ၂ ဦးမှာ တစ်ဦးတွင် ညာလက်ဖျံ အစထိမှန် (မစိုး ရိမ်ရ)နှင့် ကျန်တစ်ဦးမှာ ဘယ်လက်မောင်း အစထိမှန်(မစိုးရိမ်ရ)တိုရရှိခဲ့ကြောင်းနှင့် ဒေါ်ချမ်းတွင် ဘယ်မျက်ခုံးအပေါ် နှစ်လက်မခန့် အစထိမှန်(စိုးရိမ်ရ)တိုရရှိခဲ့ ကြောင်းနှင့် နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။