ပြင်ဦးလွင်မြို့အဝင် ကျောက်တောင်လမ်းဆုံအနီး ပေါက်ကွဲမှုဖြစ်

ပြင်ဦးလွင်မြို့၊ မြို့အဝင်ကျောက်တောင်လမ်းဆုံအနီးတွင် ဧပြီလ ၈ ရက်နေ့က ပေါက်ကွဲသံကြားရသဖြင့် လိုက်လံစစ်ဆေးရှင်းလင်းခဲ့ရာ ပတ္တမြားကျောင်းတိုက်ရှေ့ ပန်းခြံအနီး ကတ္တရာလမ်းအစပ်၌ ရှော့တိုက်ဒုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လူ/အဆောက်အဦ ထိခိုက်မှု မရှိကြောင်းသိရပါတယ်.။

ရှော့တိုက်ဒုံးပစ်ခတ်နိုင်သော နေရာများအား လိုက်လံရှင်းလင်းခဲ့ရာ ပြင်ဦးလွင်မြို့အနောက်မြောက်ဘက် လယ်ပြောင်းပြန်ကျေးရွာအနီး သဲအိတ် ၆ လုံး၊ ဒုံးသီးအခွံ ၁ လုံး၊ ကော်ပိုက် ၃ ချောင်း၊ ဝါယာကြိုး ၃ ခွေနှင့် ဆိုင်ကယ်ဘက်ထရီ ၅ လုံးတို့အား တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။ #Crd