လောင်းလုံးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၆၆ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ဇူလိုင်လအတွင်း ထားဝယ်မြစ်၌ လှေမှောက်သေဆုံးသူ ၃၅ ဦး အပါအဝင် တိုက်ပွဲများအတွင်း စစ်သားစုစုပေါင်း ၆၆ ဦး သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၆ ရက်နေ့၌ လောင်းလုံးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုတဲ့ စက်လှေ ၁ စီး အရှိန်လွန်တိမ်းမှောက်ခဲ့ရာ စစ်သား၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်းနှင့် ဇူလိုင်လအတွင်း လောင်းလုံမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ လှေတိမ်းမှောတဲ့ဖြစ်စဉ်ကို Khit Thit မှ ပုံကြီးချဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးကြောင်းနှင့် တိုက်ပွဲဖြစ်စဉ်မရှိဘဲ စစ်သား ၃၁ ဦး သေဆုံးတယ်ဆိုပြီး အထင်မှားစေရန် စိတ်ကူးယဉ် ရေးသားထားခြင်းဖြစ်ပါတယ်။