တိုက်ကြီးတွင် ဆင်နင်း၍ တစ်ဦးသေ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဘန့်ဘွေးကွင်းကျေးရွာ၊ကွင်းအမှတ် ၇၅၈ C တောကွင်းတွင် မျှစ်ချိုးနေသော သားအဖနှစ်ဦးကိုသြဂုတ်လ ၇ ရက်နေ့လယ် ၁ နာရီ၌ တောဆင်ရိုင်းငါးကောင်က ဝင်ရောက်တိုက်ခိုက်သဖြင့် ဖခင်ဖြစ်သူဆင်နင်းခံရပြီး သေဆုံးသွားကြောင်းသိရသည်။

ဦးလှမြိုင်နှင့် သားဖြစ်သူ မောင်မြင့်ဦးတို့သည် ၎င်းတို့ပိုင်ဆိုင်သောကွင်းအမှတ် ၇၅၈ C တွင်မျှစ်ချိုးစဥ် တောဆင်ရိုင်းများက ဝင်ရောက်တိုက်ခိုက်ရာ ဖခင်ဖြစ်သူဦးလှမြိုင်သည် ဆင်နင်းခံရပြီး သေဆုံးကာ သားဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ တောဆင်ရိုင်းများသည် အဆိုပါနေရာမှ နေ့လယ်၂း၃၀ နာရီအချိန်တွင် ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

News Of Myanmar NOM