CRPH၊ NUG အကြမ်းဖက်အဖွဲများ နှင့် သွေးထိုးလှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား ဖော်ထုတ်အရေးယူ

၁။ ပဲခူးတိုင်းဒေသကြီး၊ ဥဿာ မြို့သစ်၊ အမှတ်(၂)ရပ်ကွက်နေ ကျော်ဌေးဦးသည် ၎င်းအသုံးပြုသည့် “Kyaw Htay Oo” Facebook အကောင့်၊

၂။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်ရှိ မိုးကောင်း ကျောင်းတိုက်နေသူများဖြစ်သည့် အရှင်အဇ္ဇုန(ခ)ဇော်နိုင်လင်းနှင့် အရှင်ကုသလ(ခ)ထက်ပိုင်စိုးတို့ သည် ၎င်းတို့အသုံးပြုသည့် “Zaw Naing Linn” Facebook အကောင့် နှင့်“Htet Paing Soe” Face book အကောင့်၊

၃။ ဧရာ၀တီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ထော်ပိုင်ရွှေပြည်အေးကျေးရွာနေ စိုးကိုကိုသည် ၎င်းအသုံးပြုသည့် “Soe Ko Ko” Facebook အကောင့်တို့အား နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။