မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၂၇ မိနစ် အချိန် ပခုက္ကူမှ စစ်တပ်ရိက္ခာ တင်ဆောင်လာသော မော်တော်ယာဉ် ၃ စီးအတွက် ကန်တော်ရွာနှင့် ညောင်ဂျစ်ပင်ရွာ အကြားတွင် အင်အား ၆၀ ကျော်ရှိသော စစ်တပ်စစ်ကြောင်းက ကင်းပုန်းလာဝပ်ကြောင်း၊ ထိုစစ်ကြောင်းကို ဒရုန်းဖြင့်ဗုံးကျဲပြီး မိုင်းကွင်းထဲရောက်ရှိလာချိန်တွင်လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကြောင့် ပျူစောထီး ၂ ဦး ပွဲချင်းပြီးသေဆုံး၍ စစ်သား ၁ ဦးနှင့် ပျူစောထီး ၁ ဦးတို့ အူများထွက်နေကြောင်း၊ အခြားသောစစ်သား နှင့်ပျူစောထီး ၁၀ ဦးခန့်မှာလည်း ဒဏ်ရာရရှိသွားကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၆ ရက်နေ့၌ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာနှင့် ညောင်ဂျစ်ပင်ရွာ အကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက အဝေးမှ ချောင်းမြောင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမရဒဏ်ရာသာ ရရှိသွားတာဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကို ပုံကြီးချဲ့ပြီး အများ အထင်မှားအောင် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။