ကန်ပက်လက်တိုက်ပွဲတွင် စစ်သား ၂၀ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၂၄ ရက်နေ့၊ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အင်အား ၁၀၀ ခန့် စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၄ ရက်နေ့၌ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် မောချောင်းရွာနှင့် လှိုင်ဒုတ်ရွာအကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားများ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကို ပုံကြီးခဲ့ကာ စစ်သား ၂၀ ဦး သေဆုံးတယ်ဆိုပြီး တစ်ဖက်သတ်လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FactCheck