ကနီမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့်အထက်သေတယ်လို့ Ayeyarwaddy မှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကနီမြို့ပေါ်မှ ရှမ်းမြောင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ကနီမြို့မရဲစခန်းကို တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ ၁၀ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများအတွင်း တပ်သား ၁၀ ဦးနှင့် အထက် ထိခိုက်သေဆုံးခဲ့ကြောင်း Ayeyarwaddy မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကနီမြို့ပေါ်မှ ရှမ်းမြောင်းကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များထွက်ခွာစဉ် PDF များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အလောင်းနှင့် လက်နက်ခဲယမ်းများအား တပ်မတော်ဘက်က ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Ayeyarwaddy မှ ဖြစ်စဉ်အမှန်မရေးတဲ့အပြင် PDF တွေသေဆုံးသည်ကို စစ်သား ၁၀ ဦးနှင့်အထက်သေတယ်ဆိုပြီး အောက်တန်းကျစွာဖြင့် လူအထင်ကြီးအောင်တမင်အပုတ်ချ ရေးသားထားခြင်းဖြစ်ပါတယ်။