ရန်ကုန်မှာ တက္ကစီကား လုယက်ခံရမှု ထပ်မံဖြစ်ပွား

ရန်ကုန်မှာ တက္ကစီကား လုယက်ခံရမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ တက္ကစီယာဉ်မောင်း အသိုင်းအဝိုင်းကပြောပါတယ်။

အခု ရက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်ဖော့ကန်မှာ အမျိုးသား လူငယ်နှစ်ဦးက အဖြူရောင် Taxi Miraအမျိုးအစား 5I/8524 ကားအား မရမ်းကုန်းမြို့နယ် ခဝဲခြံမှတ် တိုင်အနီး အောင်သိဒ္ဓိလမ်းသို့ ကားငှားသဖြင့် လိုက်သွားခဲ့ရာမဥ္ဇူလမ်း ထဲသို့လိုက်ပို့ပေးစဥ်လူပြတ်သည့်နေရာမှာ ကားငှားစီးသည့် အဆိုပါ လူငယ်နှစ်ဦးမှာ ဓါးထောက်ပြီး ဖုန်း ပိုက်ဆံနှင့်ကားအား လုယက်သွားခဲ့တာ ဖြစ်ပါတယ်။

လုယက်သွားတဲ့ အဆိုပါ ကားကိုတော့ အခင်းဖြစ်တဲ့ ဩဂုတ် ၁၂ ရက်နေ့ ညပိုင်းမှာပဲ အင်းစိန်မြို့နယ် လမ်းသစ်လမ်း pro one centre အနီးမှ ပြန်လည်တွေ့ရှိကြောင်းအင်းစိန်ရဲစခန်းမှ အကြောင်းကြားသဖြင့်ကားတော့ ပြန်ရပြီ ဖြစ်ပါတယ်။

ကားပြန်ရပေမယ့်လည်း လုယက်မှုကျူးလွန်သူ ၂ ဦးကိုတော့ ဖမ်းမိနိုင်ခြင်းမရှိသေးပါဘူး ။

(Myanmarplatform)