ရွှေမုဋ္ဌော ဘုရားအနီး ဧရာဝတီမြစ်အတွင်းသို့ အမျိုးသမီးတစ်ဦး ခုန်ချ

ပခုက္ကူမြို့ ရွှေမုဋ္ဌော ဘုရားအနီး ဧရာဝတီမြစ်အတွင်း အမျိုးသမီးတစ်ဦး ခုန်ချအဆုံးစီရင်မှု ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြစ်အတွင်း ခုန်ချသွားသူမှာ ရွှေမုဋ္ဌော ဘုရားသို့ စက်ဘီးဖြင့် လာရောက်ခဲ့ကြောင်း ၊ စက်ဘီးအား ထား၍ မြစ်အတွင်း ခုန်းချသွားခြင်းဖြစ်ကြောင်း နှင့် လက်ရှိတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေနေကြောင်း သိရသည်။

‘ သူခုန်ချသွားတာကို မြစ်ဘေးဆော့နေတဲ့ ကလေးတွေက မြင်လိုက်တာ။ မြင်တဲ့ကလေးတွေက အော်ပြီး အကူအညီတောင်းတယ်လို့ သိရတယ်။ ခုန်ချတဲ့ နေရာနားမှာ ဝဲရှိတယ်။ ရေစီးလည်း သန်တယ်။ စက်ဘီးနဲ့ လာတုန်း မြင်တဲ့သူတွေ ပြောတာတော့ အသက် ၂၀ အရွယ်လောက် ရှိမယ်လို့ ပြောတယ် ‘ ဟု ဖြစ်စဉ်အနီး ရောက်ရှိနေသူတစ်ဦး ကပြောသည်။

မြစ်အတွင်း ခုန်ချသွားသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးဘဲ ၎င်းအား ရှာဖွေနေဆဲ ဖြစ်ကြောင်း၊ မိသားစုဝင်များ သိရှိစေရန် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်