တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ခြံမြေအကျိုးဆောင်လက်မှတ် ထုတ်ပေးသွားမယ်ဟုဆို

ရန်ကုန်မှာ လတ်တလော အိမ်ခြံမြေ အကျိုးဆောင်လက်မှတ်ထုတ်ပေးတာတွေရှိနေပြီးယခုလ ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ခြံမြေအကျိုးဆောင်လက်မှတ် ထုတ်ပေးတော့မှာ ဖြစ်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်းကနေသိရပါတယ်။

အိမ်ခြံမြေ အကျိုးဆောင်လက်မှတ်ဟာ အိမ်ခြံမြေဝန်ဆောင်မှုပေးနေသူတွေအတွက် တရားဝင်မှတ်ပုံတင်လက်မှတ်မျိုးဖြစ်ကာ လတ်တလောမှာ သက်ဆိုင်ရာမြို့နယ်အလိုက် အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင်အဖွဲ့တွေက အဆိုပါလက်မှတ်ထုတ်ပေးတာတွေကို စတင်ပြုလုပ်ပေးနေတယ်လို့ဆိုပါတယ်။

အကျိုးဆောင်မှတ်ပုံတင်လက်မှတ် နဲ့ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခွင့်ပြုတာဟာ စည်ကမ်းစနစ်ကျပြီး တာဝန်ယူမှု တာဝန်ခံမှုတွေရှိလာဖို့ဖြစ်တယ်လို့ သိရပါတယ်။

အိမ်ခြံမြေ မှတ်ပုံတင် လက်မှတ်ထုတ်ပေးဖို့ မှတ်ပုံတင်ပေးမဲ့အဖွဲ့တွေက သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်၊ ခရိုင်မြို့နယ်အလိုက် မှာရှိနေတဲ့ ထွေအုပ် ၊ လဝက၊ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့စာရင်းဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ စည်ပင်၊ ရဲတပ်ဖွဲ့နဲ့အိမ်ခြံမြေအကျိုးဆောင်အသင်းတွေက ကိုယ်စားလှယ်တွေပါဝင်ကြောင်းသိရပါတယ်။