ကျောင်းကုန်းမြို့နယ်တွင် လေပြင်းဒဏ်ကြောင့် ပျက်စီးသွားသော နေအိမ်များအား ထောက်ပံ့

မေလ ၉ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျီးကွင်းကျေးရွာအုပ်စုအတွင်းရှိ အစုကြီးကျေးရွာနှင့် ညောင်တန်းကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရသော နေအိမ်(၂၅)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အား နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာအဖွဲ့များနှင့် ဒေသခံပြည်သူများမှ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခဲ့ရကြောင်း သိရပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရသော အမှတ် ၁ ရပ်ကွက်နှင့် မန်ကျီးပင်ကွင်းကျေးရွာအုပ်စုတို့ရှိ အိမ်ထောင်စု(၃၂)စုအတွက် ဌာနဆိုင်ရာအဖွဲ့များမှ တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်၊ ကြက်ဥ(၁၀) လုံး၊ မားမားခေါက်ဆွဲ(၅)ထုပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပုံး(၁)ပုံးနှင့် ဘုန်းတော်ကြီးကျောင်းအတွက် ဝတ္ထုငွေ (၁၀၀၀၀၀)ကျပ် စုစုပေါင်း(၂၂၄၅၂၀၀)ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်ရှင်။